Subscribe:

Ads 468x60px

26/05/2012

မလေးရှား MGM သင်တန်းဆင်းပွဲ


(၁တိ ၂း၎- လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။)
မလေးရှားနိုင်ငံ၊ ကွာလမ်ပူမြို့ တွင် ၁၅.၁၀.၂၀၁၀ နေ့တွင် ပထမအကြိမ် MGM တပည့်တော်ဖြစ် သင်တန်းဆင်း ပွဲပြုလုပ်ကြောင်းသိရပါသည်။ ၎င်းသင်တန်းကို မြန်မာကျေးဇူးတော် သာသနာပြု လုပ်ငန်း(MGM)မှကြီး မှူးကျင်းပ ခြင်းဖြစ်ပြီး ၂၀၁၀-စက်တင်ဘာလ၁၅ ရက်နေ့ တွင်စတင်ဖွင့်လှစ်ပြီး ၂၀၁၀ အောက်တိုဘာ လ ၁၅ ရက်နေ့ တွင် သင်တန်းဆင်းပွဲပြုလုပ်ခြင်းဖြစ်သည်။
သင်တန်းကို မြန်မာကျေးဇူးတော် သာသနာပြုလုပ်ငန်းတည်ထာင်သူ နှင့် ဥက္ကဌ ဖြစ်သူ Rev. Dr. ပေါလ်ခေကျိုင်း
မှ ဦးဆောင်ပြီးအတွင်းရေးမှူး Rev. စောကေလည်းပါဝင်ပါသည်။ သင်ကြားပို့ချပေးသောဆရာများမှာ Rev.Dr.ပေါလ်ခေကျိုင်း၊ Rev. စောကေ ၊ Pastor လိန်းကီး၊ ဆရာဘူနိုင်လိန်း၊ ဆရာထန်းနိုင်း ၊ ဆရာလရိန် တို့ဖြစ်ပြီး၊မြန်မာနိုင်ငံမှဧည့်သည် ဆရာအဖြစ် ဆရာစောလုကီ၊ ဆရာမြင့်ဆွေ၊ ဆရာပါဟုန်းတို့မှ လာရောက်သင်ကြားပေးခဲ့ပါသည်။
ဤတလသင်ျန်းတွင် မြန်မာတိုင်းရင်းသားသင်တန်းသား/ သူ ၁၀ဦး အချိန်ပြည့်တက်ရောက်ခံယူကြပြီး
အချိန်ပိုင်းတက်ရောက်သူများလည်းရှိပါသည်။

မြန်မာကျေးဇူးတော်သာသနာ ပြုလုပ်ငန်းကို ၁၉၉၅ ခုနှစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အသက်သစ် (ကယ်တင်ခြင်းသင်တန်း)၊ တပည့်တော်ဖြစ်သင်တန်းနှင့် ခေါင်းဆောင်ဖြစ်သင်တန်းများကိုလည်းပြုလုပ်လျှက်ရှိပါသည်။ ယနေ့ထိဤသင်တန်းကိုအသင်းတော်ဂိုဏ်ဂဏပေါင်းစုံမှလာရောက် နှုတ်ကပတ်ခံယူခဲ့သူသင်တန်းသား/ သူ ၅၀၀ကျော်မျှရှိခဲ့ပြီဟုသတင်းရရှိပါသည်။
နာမတော်ဘုန်းကြီးပါစေသာ် (အာမင်)

MGM ဆရာများနှင့် သင်တန်းသား/သူများ အမှတ်တရဓါတ်ပုံ

MGM တည်ထာင်သူနှင့် ဥက္ကဌ Rev. Dr. ပေါလ်ခေကျိုင်း

MGM အတွင်းရေးမှူး Rev. စောကေ

MGM Pastor လိန်းကီး

0 comments:

Post a Comment